(၂)ငါ့ထံသို့လာကြလော့

ငါ့ထံသို့လာကြလော့
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့၊ ငါသည်ချမ်းသာပေးမည်။”တဲ့ ယေရှုခရစ်တော်ပြောခဲ့တဲ့ စကားပါမိတ်ဆွေ။
  ထူးထူးဆန်းဆန်းစကားတွေပဲ ကြားနေရတယ် လို့ထင်ကောင်းထင်ပါလိမ့်မယ်။ ယေရှုခရစ်တော်ဘုရားဟာ သင့်ကိုကယ်တင်နိုင်ပါတယ်၊ အကယ်၍ သင်ဒုက္ခရောက်နေတယ်ဆိုရင်ပေါ့။
   အကယ်၍ မိမိကိုယ်ကိုဒုက္ခ ရောက်နေတယ် ဒုက္ခတွေ့နေတယ်ဆိုလို့ရှိရင် ယေရှုခရစ်တော်ဆီ လှမ်းလာခဲ့ပါမိတ်ဆွေ၊ နေ၀င်ချိန်ထိစောင့်မနေပါနဲ့တော့။ ဒါမှမဟုတ် ၀န်တွေနဲ့ပိနေလို့၊ ရုန်းမရလို့၊ ကျောက်နှုတ်မရလို့၊ သစ္စာဖေါက်လို့စွပ်စွဲခံရမှာစိုးလို့ အဲဒီလိုအကြောင်းမျိုးရှိနေရင်၊ ရင်ထဲကနေ တိုးတိုးလေးခေါ်လိုက်ပါမိတ်ဆွေ “ကျနော့ကိုကယ်ပါ ဘုရားသခင်” လို့။
  ဘုရားသခင်က သင့်ကိုအမြဲ လက်ကမ်းကြိုနေတဲ့ အကြောင်းအသိပေးပါရစေ မိတ်ဆွေ။

God Bless You
Brother Aung