အသက်လည်းဖြစ်၏
“ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏” တဲ့
ယေရှုခရစ်တော်ပြောခဲ့တဲ့ စကားပါမိတ်ဆွေ။”
ကျွန်ုပ်တို့ရဲ့ ဘ၀ခရီးဟာ ညစ်ပတ်စုတ်ပြတ်နေတာကို
သတိထားမိသူတွေရှိကြမှာပါ၊ တစ်ချို့ကလည်းစည်းစိမ်ယစ်နေကြမှာပါ၊ ဘယ်လိုဘယ်လောက်ပင်ဖြစ်ပါစေ
သင့်ပါတ်ဝန်းကျင်မှာတော့ မုန်းသူတစ်ယောက်အမြဲရှိနေမှာပါ “သူနဲ့သာဆိုရင် နတ်ပြည်တောင်
ငါမသွားဘူး” လို့ပြောတတ်ကြတယ်၊ အဲဒီလိုပဲ ချစ်သူနဲ့ဆိုပြန်တော့လည်း “ငရဲပြည်လည်း လိုက်မှာပဲ”
လို့ ပြောကြပြန်သေးတယ်နော်။
သင့်ချစ်သူများနှင့် ဆုံစည်းနိုင်ရာဟာ ဘုရားသခင်ရဲ့ရင်ခွင်မှာသာဖြစ်တယ်
ဆိုတာ တွေးခဲ့မိပါသလား။ နားထောင်မယ်ဆိုရင်ပြောပြချင်ပါတယ် “သင်နှင့်သင့်ချစ်သူများကို
အသက်ပေးပိုင်တာ ဘုရားသခင်ပါမိတ်ဆွေ၊ တစ်ချိန်မှာကျွန်တော်တို့အားလုံး ဘုရားသခင်ရဲ့
ရင်ခွင်တော်မှာ ပြန်လည်ဆုံစည်းကြပါရစေနော်။”လို့။
God Bless You
Brother Aung