သေလွန်သောလည်းရှင်လိမ့်မည်


သေလွန်သောလည်းရှင်လိမ့်မည်
ငါ့ကိုယုံကြည်သောသူတို့သည် သေလွန်သော်လည်းရှင်လိမ့်မည်”တဲ့ ၊ ယေရှုခရစ်တော်ဘုရားပြောခဲ့တဲ့စကားတွေပါ မိတ်ဆွေ။

 တစ်သက်နှင့်တစ်ကိုယ်မကြားဖူးတဲ့စကား လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒီနေ့ ဒီဂဏန်းလေးတော့သေချာတယ်၊ ယုံလိုက်ကြတာပဲ၊ မမြင်ရတာကိုစမ်းချင်ကြတာကိုး။ ဒီဂွင်က ဂွင်ကြီး လို့ပြောတဲ့ အပေါင်းအသင်းမိတ်ဆွေရဲ့စကားဆိုလည်း ယုံမိကြပြန်တယ်- ဘာကြောင့်လဲ၊ ဘာအတွက်လဲ၊ ဘာဖြစ်လို့လဲ။
ကိုယ့်ရဲ့ မိတ်ဆွေ၊ချစ်သူ၊ မိဘ၊ ဆရာသမားတို့စကားဆိုသိပ်ယုံတတ်ကြတယ် ဒါပေမယ့် သစ္စာမေတ္တာရှင်ဘုရားသခင်ရဲ့စကားကိုတော့ မယုံတတ်ကြတာ ဆန်းတော့အဆန်းသားနော်၊ ဘာကြောင့်လဲမိတ်ဆွေ စဉ်းစားကြည့်ခဲ့ဖူးပါသလား မိတ်ဆွေ။

God Bless You
Brother Aung