ယေရှုခရစ်တော်၏သတိပေးစကား
“အကြင်သူသည်
ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ်
ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။ မိုဃ်းရွာ၍ရေစီးသည်နှင့်
လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။
အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏၊ ထိုသူသည်
သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ မိုဃ်းရွာ၍
ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု
ဟောတော်မူ၏။”
(ရှင်မဿဲခရစ်ဝင်ကျမ်း ၇း၂၄-၂၇)
ဘုရားရဲ့စကားတော်ကို
နားမထောင်မိခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိုက်ပြစ်ကို ပြန်လည်သတိပြုမိဖို့ လိုပါတယ်။
နောင်တရတယ်ဆိုရင် ယ္ခုပဲ ဘုရားသခင်ဆီတောင်းပန်လိုက်ပါ၊
ဘုရားသခင်ခွင့်လွှတ်ပါလိမ့်မယ် မိတ်ဆွေ။
စကားတော်ကိုနားမထောင်တဲ့သူဟာ တစ်နေ့ ဧကန်အမှန်ပျက်စီးလိမ့်မယ်
လို့ ဘုရားသခင်ကိုယ်တော်တိုင် မိန့်မြွက်တော်မူခဲ့ပါတယ်၊ မိတ်ဆွေ။
God Bless You
Brother Aung